Tuesday 3 February 2009

မင်းမရှိတဲ့နောက်

မင်းမရှိတော့တဲ့နောက် ငါ့ပတ်ဝန်းကျင်မှာ
အရာရာဟာ အသက်မဲ့သွားသလိုပဲ။
အားလုံးဟာ ငါ့အပြစ်တွေချည်းပဲဆိုရင်တောင်
မင်းငါ့ကို တုန့်ပြန်လိုက်တဲ့ တုန့်ပြန်မှုက
တဆိတ်ပြင်းထန်လွန်း အားကြီးပါတယ်ကွာ။
မင်းရဲ့ ရက်စက်မှုတွေကို ငါလိုက်မမှီတာအမှန်ပါ။
မင်းရက်စက်ပါ ငါလဲ ကြေကွဲနိုင်သလောက်
ကြေကွဲမယ်။

နာနာကျင်ကျင်နဲ့ ငါငိုနေမယ်။
တမ်းတရင်းနဲ့ ငါငိုနေမယ်။
ကြေကွဲရင်းနဲ့ မင်းပြန်အလာကို မျှော်နေမယ်။
ဘယ်လောက်ပဲ နာကျင်ကြေကွဲရပါစေ
ငါ မင်းကိုဆက်ချစ်မယ်။