Friday 9 January 2009

မြန်မာပြည်ရှုခင်းများ


































































မြန်မာပြည်ရှုခင်းတွေရယ် ဘုရားပုံတွေရယ် တင်ပေးလိုက်ပါတယ်နော်။ သူငယ်ချင်းတစ်ယောက်က ပို့ပေးထားလို့ပါ။ အားပေးသော သူငယ်ချင်းများကို ကျေးဇူးတင်ပါတယ်နော်။

အမေများနေ့







ဒီနေ့ဟာ အမေများနေ့ဆိုတော့ အဝေးမှာရှိတဲ့ ငယ်လေး မေမေကို အရမ်းပဲသတိရမိပါတယ်။ ငယ်လေး အဝေးတစ်နေရာကနေ မေမေ့ကို ရှိခိုးကန်တော့လိုက်ပါတယ်နော်။ မေမေကျန်းမာချမ်းသာပြီး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည်စုံပါစေလို့ ငယ်လေး ဆုတောင်းပေးပါတယ် မေမေ။

Sunday 4 January 2009

လွမ်းတယ်

လွမ်းနေတယ် ချစ်သူ
မင်းကတော့ မသိနိုင်ပေမဲ့
ငါကတော့ မင်းကိုအချိန်တိုင်း
လွမ်းနေခဲ့ရတာပါ။

မင်းနဲ့ပတ်သက်ရင်
အရာရာကို အရှုံးပေးချင်ခဲ့တာပါ။
မင်းနဲ့စကားပြောနေရတဲ့ အချိန်တွေဆို
ငါပျော်တယ်။
မင်းနဲ့ဝေးနေရတဲ့ အချိန်တွေဆို
ငါမင်းကို လွမ်းတတ်လာတယ်။

မင်းဘယ်တော့လာမလဲဆိုတဲ့
စိတ်တစ်ခုတည်းနဲ့ ငါမင်းကို
အမြဲတမ်း စောင့်နေခဲ့တယ်။
အချိန်တန်လို့ မင်းရောက်မလာတဲ့အခါ
ငါဝမ်းနည်းရတယ်။
ငါငိုကြွေးရတယ်။

တစ်ခြားတစ်ယောက်နဲ့ မင်းပျော်နေတဲ့ အချိန်မှာ
ငါကတော့မင်းကို သတိရ တမ်းတရင်းနဲ့
ငိုကြွေးနေခဲ့ရတယ်။

ဘာပဲဖြစ်ဖြစ် မင်းဘက်က ငါ့ကို
တစ်စက္ကန့်လေးပဲဖြစ်ဖြစ်
ဖျက်ခနဲ သတိရလိုက်တယ် ဆိုရင်ပဲ
ငါကျေနပ်ပါပြီ ချစ်သူ။

မင်းနောက်ကွယ်မှာ မင်းကို
မင်းဘာတွေပဲဖြစ်ဖြစ် ချစ်နေတဲ့သူရှိတယ်ဆိုတာ
မင်းသတိရပေးပါ ချစ်သူ။

အရမ်းလွမ်းတယ်။

Saturday 3 January 2009

သတိရလို့

ငယ်လေးသူငယ်ချင်းတွေကို အရမ်းသတိရတာပဲ။ သူတို့လဲ ငယ်လေးကို သတိရနေလိမ့်မယ်ဆိုတာ ငယ်လေးသိနေတယ်။ ငယ်လေးမြန်မာပြည်ကိုလဲ အရမ်းပြန်ချင်တယ်။ ငယ်လေးသူငယ်ချင်းတွေက ငယ်လေးအတွက်တော့ တစ်ကယ့်ကိုသူငယ်ချင်းကောင်းတွေပါပဲ။ ငယ်လေးက သူငယ်ချင်းတွေနဲ့ ပတ်သက်ရင် ကံကောင်းတယ်လို့ ပြောလို့ရတယ်။ မြန်မာပြည်မှာတုန်းကလဲ ငယ်လေးသူငယ်ချင်းတွေက ငယ်လေးအပေါ်ကောင်းကြတာပဲ။ ထိုင်ဝမ်ကို ရောက်တော့လဲ သူငယ်ချင်းတွေက ကောင်းကြတာပဲ။ဟီးဟီး ငယ်လေးကသာ သူတို့အပေါ်မကောင်းတာ။ ဆိုးဆိုးဝါးဝါး ကြီးတော့ မဟုတ်ပါဘူး။ စိတ်ကောက်တာ ငယ်လေးတော်တော် စိတ်ကောက်တာ။ထစ်ခနဲဆို စိတ်ကကောက်ချင်ပြီ။ သူတို့ကလဲ အစကတော့ လာလာချော့ကြပါရဲ့။ နောက်တော့ လာမချော့တော့ဘူး။ဟီး ငယ်လေးလဲ နောက်တော့စိတ်မကောက်ရဲတော့ဘူး။ မြန်မာပြည်မှာတုန်းကလဲ အတူတူပဲ။စိတ်တအားကောက်တာ။ ငယ်လေးကောက်ပီဆို သူတို့မှာ ချော့ရပီ။ ငယ်လေးသူငယ်ချင်းတွေက ငယ်လေးအပေါ်တော်တော် ကောင်းကြပါတယ်။ ငယ်လေးလဲ သူတို့ကိုအရမ်းခင်ပါတယ်။ ငယ်လေးသူငယ်ချင်းတွေအားလုံး ပျော်ရွှင်ကြပါစေလို့ အဝေးတစ်နေရာကနေ ငယ်လေးဆုတောင်းပေးလိုက်ပါတယ်နော်။

သခင်သိစေလို

တစ်ကယ်ပဲ ဝေးကြပြီဆိုတဲ့အသိကို
ဦးနှောက်က လက်ခံခဲ့ပေမဲ့
နှလုံးသားကတော့ အပြင်းအထန် ငြင်းဆန်နေခဲ့တာပါ။

အချစ်ဆိုတဲ့ အရာက
ရယူပိုင်ဆိုင်မှုတစ်ခုထဲမှ မဟုတ်တာဘဲနော်
တွေးတတ်ရင် ပေးဆပ်ခြင်းဟာလဲ
အချစ်ပဲလို့ ထင်ပါတယ်။

မင်း မြင်နိုင်မယ်ဆိုရင်
ငါ့ရင်ဘတ်တစ်ခုလုံး
အရှုံးတွေနဲ့ ဗလာဟင်းလင်း
မင်းသွားမဲ့လမ်းမှာ ခင်းကျင်းထားခဲ့တာ
မင်းတွေ့ရမှာပါ။

ငါ့ဘဝမှာ မင်းမရှိတော့တဲ့နောက်ပိုင်း
အနာဂတ်လမ်းတွေ မှုန်မှိုင်းသွားခဲ့တယ်။
ရှိပါစေတော့လေ
အရာရာဟာ အံဝင်ခွင်ကျ မဟုတ်ပေမဲ့
အခုတော့ ငါ နေသားကျနေခဲ့ပါပြီ။

မင်း စေလိုရာစေပါ
မင်းထားတဲ့ ထောင့်တစ်နေရာမှာနေပြီး
ပေးဆပ်ခြင်းတွေနဲ့ ငါစောင့်နေပါ့မယ်။


ငယ်လေးစာတွေမရေးတာလဲ ကြာနေပြီ။ဘာရေးရမှန်းမသိ ဖြစ်နေတာလဲပါတယ်။ ငယ်လေးခု လူတစ်ယောက်ကို အရမ်းသတိရလို့ ရေးလိုက်တာပါ။ လူတစ်ယောက်ကို တစ်ကယ်ချစ်မိသွားရင် မေ့ပစ်ချင်တိုင်း မေ့ပစ်လို့မရတော့ဘူးနော်။ အရမ်းကြီးချစ်ရင်လဲ မကောင်းသလို နည်းနည်းလေး ချစ်ပြန်တော့လဲ မကောင်းပြန်ဘူး။ အဲ့ဒီတော့ ဘယ်လိုချစ်ကြမလဲ။ ဟီးဟီး ငယ်လေးကတော့ချစ်ချင်တော့ဘူး။