Saturday 3 January 2009

သခင်သိစေလို

တစ်ကယ်ပဲ ဝေးကြပြီဆိုတဲ့အသိကို
ဦးနှောက်က လက်ခံခဲ့ပေမဲ့
နှလုံးသားကတော့ အပြင်းအထန် ငြင်းဆန်နေခဲ့တာပါ။

အချစ်ဆိုတဲ့ အရာက
ရယူပိုင်ဆိုင်မှုတစ်ခုထဲမှ မဟုတ်တာဘဲနော်
တွေးတတ်ရင် ပေးဆပ်ခြင်းဟာလဲ
အချစ်ပဲလို့ ထင်ပါတယ်။

မင်း မြင်နိုင်မယ်ဆိုရင်
ငါ့ရင်ဘတ်တစ်ခုလုံး
အရှုံးတွေနဲ့ ဗလာဟင်းလင်း
မင်းသွားမဲ့လမ်းမှာ ခင်းကျင်းထားခဲ့တာ
မင်းတွေ့ရမှာပါ။

ငါ့ဘဝမှာ မင်းမရှိတော့တဲ့နောက်ပိုင်း
အနာဂတ်လမ်းတွေ မှုန်မှိုင်းသွားခဲ့တယ်။
ရှိပါစေတော့လေ
အရာရာဟာ အံဝင်ခွင်ကျ မဟုတ်ပေမဲ့
အခုတော့ ငါ နေသားကျနေခဲ့ပါပြီ။

မင်း စေလိုရာစေပါ
မင်းထားတဲ့ ထောင့်တစ်နေရာမှာနေပြီး
ပေးဆပ်ခြင်းတွေနဲ့ ငါစောင့်နေပါ့မယ်။


ငယ်လေးစာတွေမရေးတာလဲ ကြာနေပြီ။ဘာရေးရမှန်းမသိ ဖြစ်နေတာလဲပါတယ်။ ငယ်လေးခု လူတစ်ယောက်ကို အရမ်းသတိရလို့ ရေးလိုက်တာပါ။ လူတစ်ယောက်ကို တစ်ကယ်ချစ်မိသွားရင် မေ့ပစ်ချင်တိုင်း မေ့ပစ်လို့မရတော့ဘူးနော်။ အရမ်းကြီးချစ်ရင်လဲ မကောင်းသလို နည်းနည်းလေး ချစ်ပြန်တော့လဲ မကောင်းပြန်ဘူး။ အဲ့ဒီတော့ ဘယ်လိုချစ်ကြမလဲ။ ဟီးဟီး ငယ်လေးကတော့ချစ်ချင်တော့ဘူး။

1 comment:

  1. ဟုတ်တယ်ငယ်ရယ် ကျမဘ၀မှာလည်း ရည်းစားဆိုတာတစ်ယောက်ပဲထားဘူးတယ် သန့်ရှင်းတဲ့အချစ်နဲ့သူ့ကို ၅ နှစ်လောက်ချစ်ခဲ့ပြီး တစ်နေ့ကျတော့ သူကတခြားသူတစ်ယောက်နဲ့ကိုယ့်ရှေ့မှာလက်တွဲပြီး ခြုံပုဒ်အောက်မှာသွားထိုင်နေတယ်လို့တွေ့တယ်အချိန်မှာ ကျမကသူ့ကိုမချစ်တတ်ဘူးတဲ့ ကျမရင်ထဲမှာဘာပြန်ပြောရမှာလဲမသိပဲနဲ့ မင်းကိုချစ်တတ်ဖို့ခြုံပုဒ်အောက်မှာလိုက်သွားရမှာလားလို့ အပြင်မှာပြောမထွက်ပဲနဲ့ ခံစားရတယ်။ များများချစ်လဲမကောင်း။ နည်းနည်းချစ်လည်းမကောင်းပြန်ဆိုတော့ နောက်ကောင်းတဲ့နေရာကတော့ သူ့အတွက် ခြုံပုဒ်အောက်မှာဖြစ်ပါတယ်

    ReplyDelete