Saturday 3 January 2009

သတိရလို့

ငယ်လေးသူငယ်ချင်းတွေကို အရမ်းသတိရတာပဲ။ သူတို့လဲ ငယ်လေးကို သတိရနေလိမ့်မယ်ဆိုတာ ငယ်လေးသိနေတယ်။ ငယ်လေးမြန်မာပြည်ကိုလဲ အရမ်းပြန်ချင်တယ်။ ငယ်လေးသူငယ်ချင်းတွေက ငယ်လေးအတွက်တော့ တစ်ကယ့်ကိုသူငယ်ချင်းကောင်းတွေပါပဲ။ ငယ်လေးက သူငယ်ချင်းတွေနဲ့ ပတ်သက်ရင် ကံကောင်းတယ်လို့ ပြောလို့ရတယ်။ မြန်မာပြည်မှာတုန်းကလဲ ငယ်လေးသူငယ်ချင်းတွေက ငယ်လေးအပေါ်ကောင်းကြတာပဲ။ ထိုင်ဝမ်ကို ရောက်တော့လဲ သူငယ်ချင်းတွေက ကောင်းကြတာပဲ။ဟီးဟီး ငယ်လေးကသာ သူတို့အပေါ်မကောင်းတာ။ ဆိုးဆိုးဝါးဝါး ကြီးတော့ မဟုတ်ပါဘူး။ စိတ်ကောက်တာ ငယ်လေးတော်တော် စိတ်ကောက်တာ။ထစ်ခနဲဆို စိတ်ကကောက်ချင်ပြီ။ သူတို့ကလဲ အစကတော့ လာလာချော့ကြပါရဲ့။ နောက်တော့ လာမချော့တော့ဘူး။ဟီး ငယ်လေးလဲ နောက်တော့စိတ်မကောက်ရဲတော့ဘူး။ မြန်မာပြည်မှာတုန်းကလဲ အတူတူပဲ။စိတ်တအားကောက်တာ။ ငယ်လေးကောက်ပီဆို သူတို့မှာ ချော့ရပီ။ ငယ်လေးသူငယ်ချင်းတွေက ငယ်လေးအပေါ်တော်တော် ကောင်းကြပါတယ်။ ငယ်လေးလဲ သူတို့ကိုအရမ်းခင်ပါတယ်။ ငယ်လေးသူငယ်ချင်းတွေအားလုံး ပျော်ရွှင်ကြပါစေလို့ အဝေးတစ်နေရာကနေ ငယ်လေးဆုတောင်းပေးလိုက်ပါတယ်နော်။

1 comment:

  1. ဟုတ်ပါတယ်ဗျာ၊ ငယ်သူငယ်ချင်းဆိုတာ ဟိုးငယ်ငယ် ဘ၀ကတည်းက လက်တွဲလာသူတွေဆိုတော့ ညီအစ်ကိုမောင်နှမတွေလိုပဲ ခင်ရသူတွေပါဗျ။ အကြောင်းသိ၊ အဆင်းသိတွေပေါ့ဗျာ။ :)

    ReplyDelete