Sunday 4 January 2009

လွမ်းတယ်

လွမ်းနေတယ် ချစ်သူ
မင်းကတော့ မသိနိုင်ပေမဲ့
ငါကတော့ မင်းကိုအချိန်တိုင်း
လွမ်းနေခဲ့ရတာပါ။

မင်းနဲ့ပတ်သက်ရင်
အရာရာကို အရှုံးပေးချင်ခဲ့တာပါ။
မင်းနဲ့စကားပြောနေရတဲ့ အချိန်တွေဆို
ငါပျော်တယ်။
မင်းနဲ့ဝေးနေရတဲ့ အချိန်တွေဆို
ငါမင်းကို လွမ်းတတ်လာတယ်။

မင်းဘယ်တော့လာမလဲဆိုတဲ့
စိတ်တစ်ခုတည်းနဲ့ ငါမင်းကို
အမြဲတမ်း စောင့်နေခဲ့တယ်။
အချိန်တန်လို့ မင်းရောက်မလာတဲ့အခါ
ငါဝမ်းနည်းရတယ်။
ငါငိုကြွေးရတယ်။

တစ်ခြားတစ်ယောက်နဲ့ မင်းပျော်နေတဲ့ အချိန်မှာ
ငါကတော့မင်းကို သတိရ တမ်းတရင်းနဲ့
ငိုကြွေးနေခဲ့ရတယ်။

ဘာပဲဖြစ်ဖြစ် မင်းဘက်က ငါ့ကို
တစ်စက္ကန့်လေးပဲဖြစ်ဖြစ်
ဖျက်ခနဲ သတိရလိုက်တယ် ဆိုရင်ပဲ
ငါကျေနပ်ပါပြီ ချစ်သူ။

မင်းနောက်ကွယ်မှာ မင်းကို
မင်းဘာတွေပဲဖြစ်ဖြစ် ချစ်နေတဲ့သူရှိတယ်ဆိုတာ
မင်းသတိရပေးပါ ချစ်သူ။

အရမ်းလွမ်းတယ်။

No comments:

Post a Comment