Saturday 25 December 2010

A Chit Tha Chin - Sandi Myint Lwin Ft: Wine Suu Khaing Thein

နေတတ်ဖို့

သူကမုန်းလည်း...
အမုန်းမဖက် မေတ္တာလက်နှင့်
ပွေ့ဖင်ခေါ်ငင် ပြုံးပန်းဆင်ပါ။
သူကငြိုငြင်...
အပြစ်တင်လည်း ချစ်ခင်ရိုးသား
မြတ်စိတ်ထား၍ စကားချိုမြ
နှုတ်စကားလှကို ဖွဖွဆိုပါ။
သူကရန်ရှာလည်း...
ပြုမူပါလည်း ညင်သာသက်သက်
ခွင့်လွှတ်လျက်နှင့် နှစ်ဖက်နှစ်ဝ
အေးငြိမ်းရအောင် လမ်းပြဆောင်ပါ။
မေတ္တာ,သစ္စာ...
အနစ်နာနှစ် ဘယ်ခါမဟူ
စိတ်ထားဖြူစွာ နေတတ်ပါမှ
သင်၏ဘဝ အေးချမ်းရလိမ့်။

ဘုရားစာအုပ်တစ်ခုမှ ကူးယူပါသည်။ :)