Saturday 27 December 2008

သူငယ်ချင်းဆိုတာ

လူများတွေကတော့ သူငယ်ချင်းဆိုတာကို ဘယ်လိုသဘောထားလဲ မသိဘူး။ ငယ်လေးကတော့ သူငယ်ချင်းတွေကို အရမ်းလဲခင်တတ်တယ်။အရမ်းလဲ ချစ်တယ်။ သူငယ်ချင်းဆိုတာ ဆိုးတိုင်ပင် ကောင်းတိုင်ပင်ပေါ့နော်။ ရင်ထဲမှာ ရှိတာကိုပွင့်ပွင့်လင်းလင်း ပြောပြသင့်တယ်လို့လဲ ထင်တယ်။ ဒီလိုမှမဟုတ်ပဲ ဘာမှမပြောပဲ သိမ်းထားရင် တစ်ယောက်နဲ့တစ်ယောက် အထင်လွဲစရာတွေ ရှိလာနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် စိတ်ညစ်စရာ ဆိုလဲ အေးတူပူမျှပေါ့နော်။အဲ့ဒါကြောင့် ဘာပဲဖြစ်ဖြစ် ပွင့်လင်းပါ။တိုင်ပင်လို့လဲ ရပါတယ်။ သူငယ်ချင်းတွေကြားထဲမှာ စိတ်ဝမ်းကွဲတာမျိုးလဲ မဖြစ်ချင်ပါဘူး။ မြန်မာနိုင်ငံမှာ နေတာချင်းအတူတူ ဆုံတွေ့ဖို့ အကြောင်းပါလာလို့ ရေခြားမြေခြားမှာ လာတွေ့ရတာပါ။ တွေ့ဆုံတုန်း ချစ်ချစ်ခင်ခင်နဲ့ နေသွားချင်ပါတယ်။ စိတ်လဲမဆိုးစေချင်သလို စိတ်လဲ မကောက်စေချင်ပါဘူး။ တစ်နေ့မှာ ခွဲရမှာကို သိနေပေမဲ့ အခုချိန်မှာ ပျော်ပျော်ရွှင်ရွှင် ပဲနေချင်တယ်။ နောင်တစ်ချိန် ပြန်စဉ်းစားရင်လဲ အော် ငါတို့အရင်တုန်းက ဒီလိုလေးတွေ ပျော်ခဲ့ရပါလား ဆိုပြီး စိတ်လဲချမ်းသာရပါတယ်။ အဲ့ဒီတော့ စိတ်ဆိုး စိတ်ကောက် အထင်လွဲနေမဲ့အစား ပျော်ပျော်ရွှင်ရွှင်နဲ့ နေသွားရအောင်နော်။

ငယ်လေးစိတ်ထဲမှာ ရှိတာကို ရေးလိုက်တာပါ။ အမှားပါရင်ခွင့်လွှတ်ပေးပါနော်။အားပေးသော သူငယ်ချင်းများကို ကျေးဇူးတင်လျှက်ပါ။

No comments:

Post a Comment