Wednesday 24 December 2008

ခရစ်စ္စမတ်အမှတ်တရ

Merry Christmas ပါနော်။ခရစ္စမတ် ပြီးရင် New Year က လာဦးမယ်နော်။ ခရစ်စ္စမတ်နဲ့ ပတ်သတ်ပြီး သူငယ်ချင်းတို့ဆီမှာ အမှတ်တရတွေရှိခဲ့ဖူးမှာပေါ့နော်။ငယ်လေးမှာတော့ ရှိခဲဖူးပါတယ်။ ပြန်စဉ်းစားရင် ရယ်လဲရယ်ချင်ပါတယ်။နှစ်တွေဘယ်လောက်ကြာကြာ ဒါလေးကိုတော့ မမေ့ဘူးရှင့်။ ဒီလိုပါ ငယ်လေးတို့နေတာက မြောက်ဥက္ကလာမှာလေ အဲ့ဒီမှာစာအုပ်ဆိုင်ဖွင့်ထားတာပေါ့။ ငယ်လေးတို့ဘေးမှာက ဆေးဆိုင်ရှိတယ်။ဆေးရောင်းတဲ့ဦးလေးက ခရစ်ယာန်ပေါ့။ခရစ်စ္စမတ် နေ့မရောက်ခင်တစ်ရက် သူကပြောတယ် သူတို့အိမ်မှာ မုန့်ကြွေးမယ်ပေါ့ နင်တို့လိုက်မလားတဲ့ ငယ်လေးတို့ကလဲလိုက်မယ်ပေါ့ ဟဲဟဲ(အစားဆိုရှေ့ဆုံးကလေ) အဲ့ဒါနဲ့ နောက်နေ့လဲကြရော သူလာခေါ်မယ်ထင်ပြီးစောင့်နေတာပေါ့ သူကလေပေါ်မလာဘူးသိလား ဟီးဟီး ငယ်လေးတို့မှာ အူကြောင်ကြောင်နဲ့ပေါ့ ချိန်းထားတဲ့ အချိန်သာကျော်သွားတယ် သူကတော့ ရောက်မလာဘူးရှင် ရယ်လဲရယ်ချင်ပါတယ် ဒါလေးကတော့ အမှတ်တရပါပဲ။ အဲ့ဒီတုန်းက ငယ်လေး ၇တန်း ၈တန်းပဲရှိအုန်းမယ် ၁၂နှစ် ၁၃နှစ်အရွယ်ပေါ့ရှင် အခုအသက်၂၀ဆိုတော့ တော်တော်ကြာနေပါပြီ။ ဒါပေမဲ့ နှစ်တွေကြာလဲ ဒီအဖြစ်လေးကိုတော့ မေ့လို့မရပါဘူး။ သူငယ်ချင်းတို့လဲ ခရစ်စ္စမတ်မှာ ပျော်ရွှင်ပါစေနော်။

No comments:

Post a Comment