Saturday 27 December 2008

အဖြည့်ခံ

အဖြည့်ခံဆိုတဲ့ သဘာဝ
နောက်ချန်နေခဲ့ရတာ များတယ်တဲ့
ရပါတယ်
သူသာရှေ့ဆုံးရောက်မယ်ဆို
ကိုယ်က ဟိုး နောက်ဆုံးမှာ နေရစ်ခဲ့ရမှာပေါ့။
အဖြည့်ခံဆိုတဲ့ ပညတ်ချက်
စွန့်လွှတ်ခြင်းသာ ပဓာနတဲ့။
ကိစ္စမရှိပါဘူး
ပိုင်ဆိုင်ခြင်းတွေ သူရဖို့
ဘာတွေ ပေးဆပ်ရမလဲ
ကိုယ်မငြိုငြင်ပါဘူး။
အဖြည့်ခံ ဆိုတဲ့ သီအိုရီ
ခွင့်လွှတ်ခြင်းသာ အဓိကတဲ့
နေပါစေ
သူ ပျော်မယ် ဆိုရင်
ရှုံးနေရင်လဲ ကိုယ် ပြုံးနေပါ့မယ်။
တစ်ကယ်တော့
အဖြည့်ခံ ဆိုတာ
ချစ်သူ လိုအပ်သမျှ ဖြည့်ဆည်းပေးဖို့
ဗီးနပ်စ် ဖန်ဆင်းပေးခဲ့တဲ့
သက်ရှိ အရုပ်လေး တစ်ရုပ်ပေါ့။
ဝေးပေမဲ့လည်း
အနီးဆုံးမှာ ရှိနေခဲ့တယ်။
တစ်ခါတစ်လေ
နီးနီးလေးပေမဲ့လည်း
အဝေးဆုံးကို လွင့်ပေးခဲ့ရတယ်။

ဘာပဲပြောပြော
အဖြည့်ခံဆိုတာ
အဖြည့်ခံပါပဲလေ။

ငယ်လေးစာရေးဖို့ စဉ်းစားနေတာ။ဘာရေးရမှန်းမသိလို့လေ။ ဒီကဗျာလေး ကြိုက်လို့တင်လိုက်တာပါ။ တစ်ကယ်တော့ အချစ်ကဘာလဲဆိုတာ ငယ်လေး သေသေချာချာ မပြောတတ်ပါဘူး။ဒါပေမဲ့ ငယ်လေးသိခဲ့တဲ့ အချစ်တွေကတော့ မကောင်းဘူးရှင်။ ဒီအဖြည့်ခံ ဆိုတဲ့ ကဗျာလေးအတိုင်းပဲ ငယ်လေးချစ်ပေမဲ့လည်း စွန့်လွှတ်ပေးခဲ့ ရတာတွေရှိပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ အချစ်ဆိုတာ ပိုင်ဆိုင်ရမှလဲ မဟုတ်ပါဘူး။ သူနဲ့ဝေးနေရပေမဲ့လည်း သူရှိနေတယ် ဆိုတာနဲ့တင် အရာရာပြီးပြည့်စုံနေပါပြီ။

No comments:

Post a Comment