Wednesday 24 December 2008

ဖုန်းလေးပေးတဲ့ဝေဒနာ

အမြဲပြောနေကျ ဖုန်းလေးတွေ့တိုင်း
ရင်မှာကြေကွဲ အမြဲခံစားရ
ကို သိနိုင်မှာလား။

တစ်ချိန်ကဆို
'ဟယ်လိုကိုကို' နှုတ်ခွန်းချိုလို့
ချစ်ခြင်းသံစဉ် ဖွဲ့ဆိုခဲ့ပေါ့။

နေကောင်းရဲ့လား အလေးထားမေး
လိမ္မာဖို့လဲ ဆုံးမပေးလို့
ကြင်နာဂရုထား မေတ္တာစကားကြောင့်
အမြဲပျော်မွေ့ ထိုစဉ်နေ့။

မမျှော်လင့်ပဲ ဝေးရချိန်မှာ
နှောင်ဖွဲ့စကား နေ့တိုင်းကြားလို
ဆုတောင်းမိတယ်။

မပြည့်သည့် ဆန္ဒ
ဖုန်းလေးတွေ့စဉ် ပိုလို့ပြင်းထန်
လွမ်းရပြန်တယ် ကိုရယ်
ခံစားပေးပါနော်။
ဒီကဗျာလေးက ငယ်လေးခံစားချက်နဲ့ တူနေလို့တင်ပေးလိုက်တာပါ။ ဒီကဗျာလေးကို ဖတ်နေတဲ့ အချိန်မှာ တစ်စုံတစ်ယောက်ကိုလဲ သတိရမိပါတယ်..

No comments:

Post a Comment