Thursday 25 December 2008

လူတစ်ယောက်ကိုအရမ်းမယုံကြည့်မိဖို့...

လူတစ်ယောက်ကို အရမ်းမယုံကြည်မိဖို့ ငယ်လေးပြောချင်ပါတယ်။ ယုံကြည်မှုကို အလွဲသုံးစားလုပ်တာလောက် ခံရခက်တာ မရှိပါဘူး။ အွန်လိုင်းမှာ ဖြစ်ခဲ့တဲ့ဇာတ်လမ်းလေးကို ငယ်လေးပြောပြမယ်နော်။နာမည်တော့ ငယ်လေးမပြောပြတော့ပါဘူး။ ကောင်လေးနဲ့ကောင်မလေးက ဂိမ်းဆော့ရင်းနဲ့ တွေ့ကြတာလေ။ အဲဒီမှာ ရင်းနှီးသွားပြီး ဂျီမေးလ်တွေဘာတွေတောင်းပြီး စကားတွေပြောဖြစ်ကြတယ်။ သိပ်မကြာပါဘူး ထုံးစံအတိုင်း ဟဲဟဲ ကောင်လေးက ကောင်မလေးကို ရည်းစားစကားပြောလိုက်တယ်လေ။ အစကတော့ ကောင်မလေးက သိပ်မယုံလို့ အဖြေမပေးသေးဘူး။ ကောင်လေးကလဲ ကောင်မလေးယုံအောင်လို့ ပြောတာပေါ့။နေ့တိုင်းလဲ ကောင်မလေးအွန်လိုင်းမှာ မရှိရင် ကောင်လေးက ဖုန်းဆက်ပြီး ကောင်မလေးနဲ့ စကားပြောတယ်။ကြာတော့ ကောင်မလေးလဲ ကောင်လေးအပေါ် သံယောဇဉ်ရှိလာတယ်။ အဲ့ဒါနဲ့ တစ်နေ့မှာ ကောင်မလေးက ကောင်လေးကို အဖြေပေးလိုက်တယ်။ ဒီလိုနဲ့ သူတို့ရည်းစားဖြစ်ပြီး နှစ်လကျော်ကျော်လောက်မှာ ကောင်လေးက အချိုးပြောင်းလာတယ်။ ကောင်မလေးအပေါ် ဆက်ဆံတာ အရင်ကနဲ့မတူတော့ဘူး။ကောင်မလေးကလဲ သိတာပေါ့။ သိတော့ ကောင်မလေးကလဲ ကောင်လေးကို အလျှော့ပေးပြီး ဆက်ဆံလာတယ။် ကောင်မလေးက ကောင်လေးကိုချစ်မိသွားပြီလေ။ အရင်ကလိုလဲ မဆိုးတော့ဘူး။ ဒါပေမဲ့ မရပါဘူး။ တစ်နေ့မှာ ကောင်လေးက ကောင်မလေးကို လမ်းခွဲဖို့ပြောလာတယ်။ ကောင်မလေးက တော်တော်အံ့သြသွားတယ်။ တော်တော်လဲ မယုံကြည်နိုင်ဘူး။ ကောင်လေးဒီလိုပြောလိမ့်မယ်လို့ လုံးဝမထင်ခဲ့ဘူးလေ။ ကောင်မလေးက ကောင်လေးကို ယုံကြည်ထားခဲ့တာကိုး။ အရင်က ကောင်မလေး လမ်းခွဲစကားပြောရင်တောင် မကြိုက်တဲ့ ကောင်လေးက သူကိုယ်တိုင်ပဲ ကောင်မလေးကို လမ်းခွဲစကား ပြောသွားလေရဲ့။ အဲ့ဒါကြောင့် လူတွေက ပြောကြတာ။ တစ်ခါတစ်လေမှာ မထင်မှတ်ထားတာတွေလဲ ဖြစ်တတ်တယ်လို့။ ငယ်လေးပြောချင်တာက လူတစ်ယောက်ကို အရမ်းမယုံလိုက်မိဖို့ပါ။ ယုံကြည်မှုတွေ ဖျတ်ဆီးခံလိုက်ရရင် တော်တော်ကို ခံစားရခက်ပါတယ်။ ယောင်္ကျားတစ်ယောက်ကို အရမ်းကြီး မယုံမိပါစေနဲ့လို ငယ်လေးပြောချင်ပါတယ်။
ငယ်လေးသူငယ်ချင်းတွေကိုလဲ အဲ့လိုမျိုး အလိမ်မခံရစေချင်ဘူး။ တစ်ခုခု လုပ်မယ်ဆို သေချာစဉ်းစားပြီးမှ လုပ်စေချင်တယ်။ ရည်းစားထားတော့မယ်ဆိုရင်လဲ သူ့အကြောင်းသေချာစုံစမ်းပြီး ယုံကြည်ရတယ်ဆိုမှ အဖြေပေးစေချင်တယ်။အွန်လိုင်းပေါ်မှာ ယောင်္ကျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ဘယ်သူ့ကိုမှ အရမ်းမယုံကြည်မိပါစေနဲ့နော်။

No comments:

Post a Comment